ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန် KBC တည်းခိုရေးစခန်းသို့ (၁၉-၅-၂၀၁၇) ရက်နေ့တွင်ထပ်မံရောက်ရှိလာသည့် ကန်တော်ယန်ကျေးရွာအုပ်စု၊ မလိဘွမ်ကျေးရွာမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာနှင့် လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)