Category Archives: News
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်ဗွီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့ မြို့တော်ခန်းမအနီး စာတိုက်ကြီးဘေးနှင့် မန်ဆူဈေးရှေ့တို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် မြေစိုက်ပိုစတာဗီနိုင်းများကို စိုက်ထူပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: လားရှှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သစ်အယ်တောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်၍ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်မှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတို့တွင် (၂၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက် Family Kits (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀)၊ လူဦးရေ(၂၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၅၆,ရဝဝ)၊ စုစုပေါင်းရန်ပုံငွေ (၆၅၆,၇၀၀) အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်ပိုင်းတစ်စပျက်စီး ဆုံးရှုံးခဲ့သော ကွန်ကရစ်နေအိမ် တစ်လုံးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀/-) အား မြို့နယ်ထွေ/အုပ်ရုံး၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် မိုးသက်လေပြင်းနှင့်ထူးကဲဒီရေမြင့်တက်တိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်မှုခံစားခဲ့ရသော အိမ်ထောင်စု(၁၆)စုမှ ပြိုကျပျက်စီးအိမ်ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိ်မ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ ဘေးသင့်ပြည်သူ (၆၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၃၆၅၀၀)ကျပ်ကိုလည်းကောင်း၊ (၃၁-၅-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီအချိန်၌ ဖြစ်ပွားသောလေဘေးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် အမိုးလန်ပျက်စီး လူနေအိမ် (၄) လုံးအတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၁၀၀၀၀၀/-) တို့အား ကျီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သစ်အိမ် (၁) လုံးအတွက် Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၅၆၈၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၇) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူ မြို့နယ်၊ ကလန့်တဲကျေးရွာ၌ နေအိမ် (၁) လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလတ်စတစ်ပုံးပါ)၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)









