လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များအားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ပြည်သာယာကျေးရွာတို့တွင် (၂၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၆) လုံးအတွက်   Family Kits  (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀)၊ လူဦးရေ(၂၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၅၆,ရဝဝ)၊ စုစုပေါင်းရန်ပုံငွေ (၆၅၆,၇၀၀) အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events