ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀) နာရီအချိန်၌ ဖြစ်ပွားသောလေဘေးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် အမိုးလန်ပျက်စီး လူနေအိမ် (၄) လုံးအတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း (၁၀၀၀၀၀/-) တို့အား ကျီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)