ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် မိုးသက်လေပြင်းနှင့်ထူးကဲဒီရေမြင့်တက်တိုက်စားမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ထူးကဲဒီရေမြင့်တက်မှုခံစားခဲ့ရသော အိမ်ထောင်စု(၁၆)စုမှ ပြိုကျပျက်စီးအိမ်ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိ်မ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ ဘေးသင့်ပြည်သူ (၆၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၃၆၅၀၀)ကျပ်ကိုလည်းကောင်း၊ (၃၁-၅-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events