Category Archives: News
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၇) ရက်နေ့၌ ဟင်္သာတ ခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ခုံကြီးကျေးရွာတွင် မိုးကြိုးလျှပ်စီးထိမှန်၍ လူ (၁) ဦးသေဆုံးခဲ့ရာ အဆိုပါ သေဆုံးသူအတွက် လေးမျက်နှာ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်အား (၂၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုုး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုုးအား (၂၇-၅-၂၀၁၇)ရက်နေ့ တွင် မြောက်ဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး လုံးဝပျက်စီး လူနေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၃) စုအတွက် အတွက် ဆန်ရိက္ခာဖိုးနှင့် … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) ခု၊ ကျေးရွာ (၂) ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄) စုစာအား (၂-၆-၂၀၁၇) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
၂၀၁၇ ခုနှစ်၊ နွေရာသီကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သောက်သုံးရေဖြန့်ဝေပေးမှု နှင့် ရေတွင်း/ရေကန်များ ထောက်ပံ့ပေးမှုအခြေအနေ
၁။ ၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကို ခံစားနေရသည့်အတွက် ရေလိုအပ်ချက်များ ကူညီပေးပါရန် ပြည်သူများက ဦးစီးဌာန Call Center သို့ ဆက်သွယ် အကူအညီတောင်းခံလာမှုများအပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများက ကွင်းဆင်းစိစစ်၍လည်းကောင်း၊ ဒေသအလိုက် လိုအပ်ချက်များအရသော်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အခြားသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ သောက်သုံးရေရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂။ ထိုသို့ထောက်ပံ့လျက်ရှိရာ (၆-၄-၂၀၁၇)ရက်နေ့မှ (၃၁-၅-၂၀၁၇)ရက်နေ့အထိ နှစ်လတာ … Read more
-
မြန်အောင်မြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် ကျေးရွာအုပ်စု (၄) စုမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ပေါက်ကုန်းစွန်းကျေးရွာအုပ်စုနှင့် လေးတူးကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ (၁၁) ရွာတွင် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေတိုက်ခတ်မှုကြောင့် အိမ်ခြေ ( ၁၁) လုံးပြိုလဲပျက်စီးခဲ့ပြီး နေအိမ် (၉၄) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ လူဦးရေ (၃၉၅) ဦး လေဘေးသင့်ခဲ့ပါသည်။ ပြိုလဲပျက်စီးသော အိမ်ခြေ (၁၁) လုံးအတွက် ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၉၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကိုလည်းကောင်း၊ လေဘေးသင့်လူဦးရေ (၃၉၅) … Read more
-
ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၉-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၌ ကမ်းပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၉၀၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပ့ံရန်ပုံငွေ (၁၂၉၀၃၀၀) ကျပ်တိတိကို (၁-၆-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကယ်ဆယ်ရေး) မှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ အထက သမုတ်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆွေးနွေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၁-၆-၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာ၊ အထက သမုတ်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန််များ ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူဦးရေ (၁၄၀) ဦးခန့်ထံ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဘောပင်နှင့် ဆပ်ပြာမှုန့်ထုပ်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြောက်ဦးမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအားထောက်ပံ့မှုသတင်း
(၃၀-၅-၂၀၁၇)ရက်နေ့က တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ခု၊ ကျေးရွာ(၂)ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၀)မျိုးကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ(၁-၆-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လွိုင်ကော်မြို့နယ်၊ ထီးစဲ့ခါးကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာနေ မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦး၏ မိသားစုထံ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
(၂၃-၅-၂၀၁၇) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီးစဲ့ခါးကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာ၌ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးခဲ့သူ (၁) ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်တိတိကို ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









