ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုုး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုုးအား (၂၇-၅-၂၀၁၇)ရက်နေ့ တွင် မြောက်ဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး လုံးဝပျက်စီး လူနေအိမ် (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၃) စုအတွက် အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပံ့ငွေ (၁၈၃,၆၀၀ိ/-)ကျပ်အား (၂-၆-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)