Category Archives: News
-
မာန်အောင်မြို့နယ်အတွင်းရှိ “မိုရာ” မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မာန်အောင်မြို့နယ်အတွင်းရှိ “မိုရာ” မုန်တိုင်းကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂၇) စုအတွက် ဆန်ရိက္ခာဖိုးငွေ (၁၉၁၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀၀) ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မာန်အောင်မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများထံ (၅-၆-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၌ (၂၃-၅-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား သေဆုံးသူ၏ ဇနီးထံသို့ (၅-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မျှောင်အုပ်စု၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၄,၄၀၀) ကျပ်အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၌ (၂၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၁၈၁,၆၀၀) ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၆၀၀)ကျပ်အား (၅-၆-၂၀၁၇) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန်လ (၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network ) အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ ဦးဆောင်ကော်မတီဝင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံ တင်ပြခဲ့ပြီး ရှေ့ဆက် လုပ်ကိုင်ရန် ရည်မှန်းထားသည်များနှင့် ပတ်သက်၍ လမ်းညွှန်မှှုတောင်းခံခဲ့ပါသည်။ ဆွေးနွေးတင်ပြသည့် အကြောင်းအရာ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) စုတွင် (၂၅-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စက္ကူပုံးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀,၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ အမိုးလန်နေအိမ် (၄၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၁၁,၆၀၀) ကျပ်နှင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ … Read more
-
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနသည် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် တိမ်းရှောင်ပြည်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရေး ထောက်ပံ့ပေးလျက်ရှိရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၆-၃-၂၀၁၇) ရက်နေ့တွင် ဒေသတွင်းတိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်များစွန့်ခွါ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည့် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စု ကျေးရွာပေါင်း(၇၀)မှ ဒေသခံပြည်သူ အိမ်ထောင်စု(၃၂၄၉)စု၊ လူဦးရေ(၂၀၃၀၄)ဦးတို့အတွက် စားနပ်ရိက္ခာ(၂)လစာ တန်ဖိုးငွေစုစုပေါင်း (၄၄၅,၃၉၇,၄၀၀) ကျပ် (ကျပ်လေးထောင့်လေးရာငါးဆယ့် သုံးသိန်းကိုးသောင်းခုနစ်ထောင့်လေးရာတိတိ)ရှိ ဆန်(၁၂၆၉၀)အိတ်၊ ဆီ(၁၂၉၉၆)ပိဿာ၊ ဆား(၁၆၂၄) ပိဿာနှင့် ငါးသေတ္တာ(၇၇၉၇၆)ဗူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
“ မိုရာ ” မုန်တိုင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့တွင် “ မိုရာ ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာမှ လုံးဝပျက်စီးသွားသော အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီအား (၅-၆-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုးကြိုးထိမှန်၍သေဆုံးသွားသောပြည်သူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ : လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် မိုးကြိုးထိမှန်၍ သေဆုံးသွားသော ပြည်သူတစ်ဦးအတွက် ထောက်ပ့ံငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား လပွတ္တာမြို့နယ်/ထွေအုပ်ရုံး၌ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံသို့ (၅-၆-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေး နည်းပြသင်တန်းဖွင့်လှစ်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် SEEDS ASIA အဖွဲ့နှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးနည်းပြသင်တန်း TOT ကို (၅-၆-၂၀၁၇) ရက်နေ့၌ ဘိုကလေးမြို့အထက (၁) တွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၅) ဦးကို ကနဦးလေ့ကျင့်သင်ကြားပေးပြီး ကျောင်းသူ၊ သားများအား လက်ဆင့်ကမ်းပြန်လည်ပို့ချဆွေးနွေးနိုင်စေရန်၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အလေးထားဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ၀ိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန် KBC တည်းခိုရေးစခန်းသို့ ကန်တော်ယန်ကျေးရွာအုပ်စု မလိဘွမ်ကျေးရွာမှ ( ၂၆-၅-၂၀၁၇) ရက်နေ့တွင် ထပ်တိုးပြောင်းရွှေ့လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုး (၁၆,၈၀၀ိ/-) ကျပ်တို့အား (၅-၆-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









