လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) စုတွင် (၂၅-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စက္ကူပုံးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀,၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ အမိုးလန်နေအိမ် (၄၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၁၁,၆၀၀) ကျပ်နှင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၄၂၈,၄၀၀) ကျပ်တို့အား (၅-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events