ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ စပါယ်မျှောင်အုပ်စု၌ (၂၀-၅-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၄,၄၀၀) ကျပ်အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၌ (၂၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၁၈၁,၆၀၀) ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၆၀၀)ကျပ်အား (၅-၆-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၌ (၂၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၂,၄၀၀)ကျပ်တို့အား (၅-၆-၂၀၁၇) ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)