ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network) အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ ဇွန်လ (၅)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network ) အဖွဲ့အစည်းမှ  ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ ဦးဆောင်ကော်မတီဝင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံ တင်ပြခဲ့ပြီး ရှေ့ဆက် လုပ်ကိုင်ရန် ရည်မှန်းထားသည်များနှင့် ပတ်သက်၍ လမ်းညွှန်မှှုတောင်းခံခဲ့ပါသည်။ ဆွေးနွေးတင်ပြသည့် အကြောင်းအရာ များမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှှု အခြေအနေနှင့်ပတ်သက်၍ သုတေသန အချက်အလက်များကောက်ယူရန် လိုအပ်ကြောင်း၊ အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း( ၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လိုအပ်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် ညှိနှှိုင်း အကောင် အထည်ဖော်နိုင်မည့် နည်းလမ်းများအပြင် လူထု အသိပညာပေး လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိမှုများ ကိုတင်ပြဆွေးနွေးခဲ့ပါသည်။ ထိုအပြင် အမျိုးသမီးများ၏ စီးပွားရေးနှင့် အသက်မွေး ဝမ်းကျောင်းမှှုဆိုင်ရာကဏ္ဍတိုးတက်ရေးအတွက် လိုအပ်သည့်သုတေသနများဆောင်ရွက်ခြင်း၊ ပဋိပက္ခအ‌ခြေအနေအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှှု အခြေ အနေများကို စစ်တမ်းကောက်ယူလေ့လာခြင်း၊ အလုပ်သမားများနှင့်ဆက်စပ်သော ဥပဒေများ၊ မူဝါဒများတွင် အမျိုးသမီးအလုပ်သမားများအတွက် အကာအကွယ်ပေးရန် ပြင်ဆင်ဖြည့်စွက်ခြင်း၊ကျား/မ ရေးရာတန်းတူညီမျှမှှုသဘောတရားများကို မူလတန်း အရွယ်မှစလေ့ကျင့်သင်ကြားပေးနိုင်ရေး၊ သင်ရိုးညွှန်းတမ်းဖတ်စာများတွင် ထည့်သွင်း ဆောင်ရွက်နိုင်ရန်စသည်တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

Source:  MSWRR

Sign Up

Upcoming Events