Category Archives: News
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရွှေကူမြို့နယ် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တို့ပူးပေါင်း၍ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာများဖြစ်သော ရွှေကူလေးကျေးရွာ၊ တောပုန်းကျေးရွာနှင့် ငါးဘတ်ကြီးကျေးရွာတို့တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရွာ (၃) ရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူတို့ပန်ကြားချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးခြင်း၊နှင့်မုန်တိုင်းဘေးသဏ္ဍန် တူဇာတ်တိုက်လေ့ ကျင့့််ခြင်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၆-၂၀၁၇)ရက်နေ့တွင် ထားဝယ်မြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ်များစက် မှုလက်မှုသင်တန်းကျောင်းတွင် သင်တန်းသား(၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေးခြင်း၊ နှင့်မုန်တိုင်းဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source:တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) ရက်နေ့တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံဖြိုးရေး သင်တန်းကျောင်း(သထုံ) တွင် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့်အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့ကာ လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
(၁၀-၆-၂၀၁၇) ရက်နေ့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ သားမျှားကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်းပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် DAN Mobile Application အား ကျေးရွာသူ/ ကျေးရွာသားများ၏ လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း မိုရာမုန်တိုင်းဘေးသင့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေးမှုသတင်း
(၁၀-၆ -၂၀၁၇) ရက်နေ့တွင် မောင်တောမြို့နယ် လေဘေးသင့်ကျေးရွာအုပ်စုများမှ အုပ်စု (၁၆) စု ရှိ လုံးဝပြိုလဲအိမ် (၆၃၇) လုံးအတွက် (၃၃,၈၀၀,၀၀၀)ကျပ် ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၁,၄၉၀) လုံးအတွက် (၂၉,၈၀၀,၀၀၀)ကျပ် ၊ စုစုပေါင်း (၆၃,၆၀၀,၀၀၀) ကျပ်နှင့် ဘူးသီးတောင်မြို့နယ် လေဘေးသင့် ကျေးရွာအုပ်စုများမှ အုပ်စု (၄)စုရှိ လုံးဝပြိုလဲအိမ် ( ၅၃) လုံးအတွက် (၂,၈၀၀,၀၀၀)ကျပ် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃၅၇) လုံးအတွက် (၈,၆၅၀,၀၀၀)ကျပ် ၊ … Read more
-
လားရှိုးမြို့ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) နေ့တွင် လားရှိုးမြို့ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရုံးတွင် (၁၃:ဝ၀) အချိန်၌ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား ကျောင်းသူ(၂၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အဝီစိရေတွင်းတူးဖော်ရန်အတွက် ထောက်ပံံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ သပြေစမ်း ကျေးရွာ၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်မှုအတွက် အဝီစိရေတွင်းတူးဖော်ရန်အတွက် ထောက်ပံံ့ငွေ (၂၉၈၉၇၅၀/-) ကျပ်အား (၉-၈-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ယမ်းခမ်းကျေးရွာရှိ ရပ်ကွက်သူ/သားများ စုစုပေါင်း (၈၅) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟော ပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာပေးအပ်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ နေ့လယ် (၁၂း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ပါထွန်း ကျေးရွာရှိ ရပ်ကွက်သူ/ရပ်ကွက်သား (၈၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာများပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၇) ရက်နေ့၊ နံနက် ၁၀ နာရီတွင် မိုင်းဖြတ်မြို့နယ် အထက (မိုင်းဖြတ်) စာသင်ကျောင်းတွင် ဆရာ/ဆရာမ နှင့် ကျောင်းသားဦးရေ (၁၅၀) ခန့်အား လက်ကမ်းစာ စောင်များဖြန့်ဝေပေးပြီး ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ပါသည်။ ညနေ (၁း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့ရှိ အ.လ.က(ခွဲ) စာသင်ကျောင်းတွင် ကျောင်းသားဦးရေ (၈၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးကာ ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ရောက်ရှိတွေ့ဆုံမှုသတင်း
Source: MSWRR ၁၀-၆-၂၀၁၇၊ ဟိုပုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေး အပြီးထုတ်ပြန်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁) တွင် သဘောတူလက်မှတ်ရေးထိုးပြီးသော လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက်များကို အကောင်အထည်ဖေါ်ဆောင် ရွက်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အစည်း အဝေးခန်းမ၌ ယနေ့ကျင်းပသော ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနား တွင်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အစိုးရ … Read more









