Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ ဖရူဆိုမြို့၌ (၁၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းအား ဖွင့်လှစ်ခဲ့ ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် စိတ်ပါဝင်စားသူ (၂၅) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၃-၆-၂၀၁၇) ရက်နေ့မှ (၁၅-၆-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့မှ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့၊IDP စခန်းရှိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် (၃၁၁) ဦးအတွက် ဆန်ရိက္ခာ (၁) နှစ်စာ ထောက်ပံ့ငွေ (၂၁.၅၂၈) သန်းအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူးထံသို့ ကိုယ်တိုင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံဦးစီးမှူးရုံးမှ တာ ဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင်ကျိုင်းတုံမြို့နယ်၊ အမှတ်( ၁ )အခြေခံ ပညာအထက်တန်းကျောင်းတွင် ဆရာ ဆရာမ ၊ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ေလဘေး ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၆-၂၀၁၇) ရက်နေ့တွင်မြောက်ဦးမြို့နယ်အတွင်းရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သံချောင်းကျေးရွာအုပ်စု ပီပင်ရင်းကျေးရွာတွင် တစ်စိတ်တပိုင်းပျက်စီးလူနေအိမ်(၄)အိမ်အတွက်ကယ်ဆယ်ရေးပစ္စည်း(၆)မျိုးအား(၁၂-၆-၂၀၁၇)ရက်နေ့တွင် ကျေးရွာထိသွားရောက်ထောက်ပ့ံပေးခဲ့ပါသည်။ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းများအား ဆက်လက်ထောက်ပ့ံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူနှင့်ဒဏ်ရာရလူနာများ ထောက်ပံံ့ငွေပေးအပ် မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၆-၂၀၁၇)ရက်နေ့(၀၂း၃၀) နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေး ရွာမှ သေဆုံးသူ (၂) ဦးအတွက် (၆၀၀၀၀၀/-)၊ ဒဏ်ရာရလူနာ(၆)ဦးအတွက် တစ််ဦး (၅၀၀၀၀/-)နှုန်းဖြင့် (၃၀၀၀၀၀/-)စုစုပေါင်း (၉၀၀၀၀၀/-) တို့ အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ(၁၂-၆-၂၀၁၇)ရက်နေ့ သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၌ မြောင်းပုလဲ အ.ထ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးအား သဘာဝဘေး အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မိချောင်းကိုက်၍သေဆုံးသူ၏ မိသားစုဝင်များအား ကူညီထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ပျဉ်ဘိုးကြီးကျေးရွာအုပ်စု ကန့်ဗလာကျေးရွာမှ ဦးဌေးဝင်း (ဘ) ဦးမြမောင်သည် မိန်းမလှ ကျွန်းဘေးမဲ့တောအတွင်း ဂဏန်းထောင်စဉ် မိကျောင်းကိုက်ချီဆွဲခံ ရပါသဖြင့်(၁၁-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသွားသောကြောင့် သေဆုံးသူ၏ မိသားစုဝင်များထံ (၁၂-၆-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၈-၆-၂၀၁၇) ရက်နေ့အထိ (၇) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် နေပြည်တော်ကောင်စီမှ ညွှန်ကြားရေးမှူး ဦးဖုန်းမြတ်သူမှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း သင်တန်းသားဦးရေ (၆၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့နှင့် (၉-၆-၂၀၁၇) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းကြောင့် ကမ်းပြိုပြီး ထပ်မံပြောင်းရွှေ့အိမ်ထောင်စု (၂) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်တို့အား (၁၁-၆-၂၀၁၇) နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေပြင်ကယ်ဆယ်ရှာဖွေရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းတက်ရောက်နေကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားများအား ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၆-၂၀၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီက သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ရာ ရွှေကူမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









