သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းပြုလုပ်မှုသတင်း

13_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ ဖရူဆိုမြို့၌ (၁၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုနှင့် gender mainsteraming သင်တန်းအား ဖွင့်လှစ်ခဲ့ ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် စိတ်ပါဝင်စားသူ (၂၅) ဦး တက်ရောက်ပြီး  သင်တန်းကာလမှာ (၁၃-၆-၂၀၁၇) ရက်နေ့မှ (၁၅-၆-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ သင်ခန်းစာပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:    ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events