Category Archives: News
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော မောင်တောမြို့နယ်၊ လေဘေးသင့်ကျေးရွာအုပ်စု (၂၈) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၀၅၂) လုံးအတွက် (၄၂၂၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၂၀၇၆) လုံးအတွက် (၄၆၇၉၂၀၀၀/-) ကျပ်၊ စုစုပေါင်း (၈၈၉၉၂၀၀၀/-) ကျပ်တို့ အား (၁၃ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုရာဆိုင်ကလုန်းမုန်တိုင်းဘေးကြောင့် ဘေးသင့်ခဲ့သော တောင်ကုတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာရှိ တစ်စိတ်တစ်ပို်င်း ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ကမြောကင်း အ.ထ.က ကျောင်း၌ ဆရာနှင့် ကျောင်းသား စုစုပေါင်း (၃၇၀) ဦးအား သဘာဝဘေး အသိပညာပေးဟော ပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ညောင်ဇင် အ.ထ.က ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာ၌ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံးနှင့် ပြိုကျနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃,၆၀၀) ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေဆင်နှာမောင်းဘေးအတွက်ထောက်ပံမှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင် (၁၁-၆-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့ သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၂) စုစာ အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးစီနှင့် နေအိမ်အမိုးလန်အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တို့ကို ကော့သောင်းခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် (၁၃- ၆- ၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ပဲကောက်ကျေးရွာအုပ်စု၊ ပဲကောက်ကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ခရိုင်ဦးစီးမှူးရုံးမှ မိုရာမုန်တိုင်း သင့်ပြည်သူများအား ကျောက်ဖြူမြို့နယ်အတွင်းတစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၃)အိမ်အတွက် အိ်မ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀)ကျပ်အား (၁၄-၆-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ထွေ/အုပ် သို့ လှွဲပြောင်းထောက်ပ့ံခဲ့့ံခဲ့ကြောင်းသတင်းရရှိပါသည်Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အလင်းဝင်မိသားစုများအတွက် ထပ်မံထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်၌ အလင်းဝင်မိသားစု (၁၂၀) ဦးအတွက် ဆန်ရိက္ခာ (၁)လစာနှင့် လူသုံးကုန်ပစ္စည်းများထပ်မံထောက်ပံ့ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရန်နောင်စိုးနှင့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးုနှင့် အလင်းဝင်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏား ကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသည့် အိမ်ခြေ (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၂၅၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၈၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၈၀၆၀၀/-) ကျပ်နှင့် အောင်ဆိပ်ကျေးရွာတွင် လုံး၀ ပျက်စီးအိပ်ခြေ (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး … Read more









