တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင် (၁၁-၆-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့ သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၂) စုစာ အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးစီနှင့် နေအိမ်အမိုးလန်အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တို့ကို ကော့သောင်းခရိုင်ဦးစီးမှူးမှတာဝန်ရှိသူများသည် (၁၃- ၆- ၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)