Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သောင်ယာကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် သစ်သားနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Family Kits (၂၂) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀၅၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၂၀-၆-၂၀၁၇) ရက်နေ့တွင် … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ (၁၈-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား ပုည မုဒိတာလူမှုကူညီရေးအသင်းနှင့်အတူ (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း (၃)
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း ၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၂၀-၆-၂၀၁၇)နေ့ (၀၉း၃၀)အချိန်တိုင်းထွာ ချက်များအရ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံအပြားမိုးထစ်ချုန်းရွာသွန်း ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီး/ ရေလျှံမှု များဖြစ်ပေါ်လာနိုင်ပြီး ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများ နှင့်ပတ်သက်၍ သတိထားရန်လိုအပ်ပါသည်။ ၂။ သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် … Read more
-
ကျောက်ဖြူမြို့တွင်လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍပေါင်းစုံကနဦးလိုအပ်ချက်လေ့လာဆန်းစစ်မှု(MIRA)သင်တန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)တို့ ပူးပေါင်း၍ ကျောက်ဖြူမြို့တွင် လူသားချင်းစာနာမှုဆိုင်ရာ သဘောသဘာဝ၊ဖွဲ့စည်းပုံအကြောင်း မိတ်ဆက်ခြင်းနှင့် ကဏဏ္ဍပေါင်းစုံကနဦးအပ်ချက် လေ့လာ ဆန်းစစ်မှု(MIRA)သင်တန်းအား (၁၉.၆.၁၇)နေ့ (၂၀.၆.၁၇)နေ့တို့တွင် နံနက်(၀၉းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိ ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အားလည်းကောင်း၊မိုးကောင်းမြို့နယ်၊ ဆီးဒီယံကျေးရွာအုပ်စု၊ ဆီးဒီယံကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုင်းနင်းမိ၍ သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၀၀,၀၀၀) ကျပ်တို့အား မိုးညှင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ (၂၀-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစု ဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ် စေမည့် ယာဉ်ယန္တရားများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြုလုပ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဂျပန်နိုင်ငံ အခြေ စိုက် Kawasaki ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၂၀/၆/၂၀၁၇ ညနေ ၁၆:၃၀ နာရီ အချိန်တွင် လက်ခံ တွေ့ဆုံခဲ့ပြီး သဘာဝဘေးအရေးပေါ်အခြေအနေများ၌အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် ယာဉ်ယန္တရားများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်အများဆုံးထိခိုက်ခံစားခဲ့ရသည့် အမရပူရ မြို့နယ်အတွင်းရှိ အ.မ.က၊ ဆေးအိုးဖိုနှင့် အ.မ.က၊ဖရဲကျွန်းတို့တွင် ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများစုစုပေါင်း အင်အား (၁၅၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ တက်ရောက်လာသူများအား တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးစေခြင်း၊ ကလေးငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များ ဝေငှပေးခြင်း၊ ကျောင်းသားလူငယ်များအား သဘာဝဘေးအသိပညာပေးပုံပြင်များပြောပြခြင်း၊ ကလေးငယ်များနှင့်အတူ သဘာဝဘေးအသိပညာပေး သရုပ်ပြကစားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးစီမံခန့်ခွဲမှုသင်ခန်းစာများပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍သင်ခန်းစာပို့ချခြင်းအားဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြနှင့်အုပ်ချုပ်သူစုစုပေါင်း (၁၂) ဦး၊ သင်တန်းသူ (၇၆) ဦး ၊စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် သဘာဝဘေးအသိပညာပေးဗွီနိုင်းအား ကျောင်းအုပ်ရုံး ခန်းရှေ့နှင့် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၂၀-၆-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ကျေးရွာပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နောင်ကန်ကျေးရွာအုပ်စု၊ မံနားကျေးရွာတွင် (၁၇-၆-၂၀၁၇) ရက်နေ့၌ ရေထဲမျောပါ ပြိုလဲနေအိမ် (၂) လုံးအတွက် Family Kits (၂) ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)









