ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သောင်ယာကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့သည့် သစ်သားနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Family Kits (၂၂) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀၅၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၂၀-၆-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)