သဘာဝဘေးစီမံခန့်ခွဲမှုသင်ခန်းစာများပို့ချမှုသတင်း

20_Pic_02

20_Pic_04

20_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍သင်ခန်းစာပို့ချခြင်းအားဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြနှင့်အုပ်ချုပ်သူစုစုပေါင်း (၁၂) ဦး၊ သင်တန်းသူ (၇၆) ဦး ၊စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် သဘာဝဘေးအသိပညာပေးဗွီနိုင်းအား ကျောင်းအုပ်ရုံး ခန်းရှေ့နှင့် သင်တန်းကျောင်းလှေကားဘေးတွင်ကပ်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events