(၂၀-၆-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ကျေးရွာပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)