ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိ၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အားလည်းကောင်း၊မိုးကောင်းမြို့နယ်၊ ဆီးဒီယံကျေးရွာအုပ်စု၊ ဆီးဒီယံကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုင်းနင်းမိ၍ သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀၀၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၀၀,၀၀၀) ကျပ်တို့အား မိုးညှင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ (၂၀-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစု ဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events