သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

20 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်အများဆုံးထိခိုက်ခံစားခဲ့ရသည့် အမရပူရ မြို့နယ်အတွင်းရှိ အ.မ.က၊ ဆေးအိုးဖိုနှင့် အ.မ.က၊ဖရဲကျွန်းတို့တွင် ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများစုစုပေါင်း အင်အား (၁၅၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ တက်ရောက်လာသူများအား တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးစေခြင်း၊ ကလေးငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များ ဝေငှပေးခြင်း၊ ကျောင်းသားလူငယ်များအား သဘာဝဘေးအသိပညာပေးပုံပြင်များပြောပြခြင်း၊ ကလေးငယ်များနှင့်အတူ သဘာဝဘေးအသိပညာပေး သရုပ်ပြကစားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ပိုစတာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:            မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events