Category Archives: News
-
ဟင်္သာတမြို့နယ်အတွင်း ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် ဟင်္သာတမြို့၊ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်း၊ ကမ်းပြိုဘေးအား အိမ်ခြေ (၁၇ ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀၀၀၀၀) ကျပ် လူဦးရေ( ၅၉ )ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂၃၉၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ (၁၈၂၃၉၀၀) ကျပ် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၇ )အိမ်ထောင်စာထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများအနက် အုပ်စု (၁၂) စုမှ လုံးဝပြိုလဲအိမ် (၆၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃,၅၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၉၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈,၂၂၀,၀၀၀) ကျပ်၊ စုစုပေါင်း (၅၁,၇၂၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြန်အောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀.၅.၂၀၁၇)ရက်နေ့တွင်ဖြစ်ပွားသော မြန်အောင်မြို့နယ်၊ အုပ်စု (၄) စု၊ ရွာ (၁၁ )ရွာတွင် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၁၂၆၀၀၀) ကျပ််(၁၉-၆-၂၀၁၇) နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ပင်လောင်းမြို့ အ.ထ.က (၂) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့အမှတ် (၁) ရပ်ကွက် မာဃလမ်း၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ (၄၂၀၀/-) ကျပ်၊ စုစုပေါင်း (၄၄၂၀၀/-) ကျပ်တို့အား သံတွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနခန်းမ၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ … Read more
-
မြန်အောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄.၆.၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မြန်အောင်မြို့နယ်၊ လေးတူးအုပ်စု၊ ချောင်းရိုး၊ ကြခတ်ချောင်းအုပ်စုများတွင် လေဘေး ဖြစ်ပွားမှုကြောင့် ပြိုလဲအိမ် (၁ )လုံးနှင့် အမိုးလန် အိမ် (၄ )လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် (၄) မျိုးတို့ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀) ဆန်ရိက္ခာဖိုး (၄၄၁၀၀) စုစုပေါင်း (၁၉၄၁၀၀) ကျပ်တို့ကို ဘေးသင့်ပြည်သူများထံသို့ ့(၁၉-၆-၂၀၁၇) နေ့တွင် ကွင်းဆင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ အောင်ဘိုင်ရွာ၌ (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား (၂၃-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျေးရွာပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပြီး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်း၊ ရေဘေးရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံ(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ ငွေပုလဲရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်ဆောင်ရန်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ မုန်တိုင်းအသိပညာပေး ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါ သည်။ ထိုဟောပြောပွဲသို့ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘိုကလေးမြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဘိုကလေးမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စု လတာချောင်းကျေးရွာနေ မသူသူကျော်(ဘ)ဦးကျော်သင်းသည် လယ်ကွင်းအတွင်းဘဲကျောင်းနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ ပါသဖြင့် သေဆုံးသူအတွက်ထောက်ပံ့ကြေးငွေ ၃ဝဝဝဝဝိ/-ကျပ်ကို သေဆုံးသူ၏ မိသားစု ဝင်များ လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)









