ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများအနက် အုပ်စု (၁၂) စုမှ လုံးဝပြိုလဲအိမ် (၆၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃,၅၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၉၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈,၂၂၀,၀၀၀) ကျပ်၊ စုစုပေါင်း (၅၁,၇၂၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)