မြန်အောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၄.၆.၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မြန်အောင်မြို့နယ်၊ လေးတူးအုပ်စု၊ ချောင်းရိုး၊ ကြခတ်ချောင်းအုပ်စုများတွင် လေဘေး ဖြစ်ပွားမှုကြောင့် ပြိုလဲအိမ် (၁ )လုံးနှင့် အမိုးလန် အိမ် (၄ )လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် (၄) မျိုးတို့ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀) ဆန်ရိက္ခာဖိုး (၄၄၁၀၀) စုစုပေါင်း (၁၉၄၁၀၀) ကျပ်တို့ကို ဘေးသင့်ပြည်သူများထံသို့ ့(၁၉-၆-၂၀၁၇) နေ့တွင် ကွင်းဆင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events