သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

23_Pic_02 23_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ ငွေပုလဲရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်ဆောင်ရန်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ မုန်တိုင်းအသိပညာပေး ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါ သည်။ ထိုဟောပြောပွဲသို့ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events