မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

23_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့အမှတ် (၁) ရပ်ကွက် မာဃလမ်း၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ (၄၂၀၀/-) ကျပ်၊ စုစုပေါင်း (၄၄၂၀၀/-) ကျပ်တို့အား သံတွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနခန်းမ၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ (၂၃-၆-၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events