Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဟာလာကျေးရွာ၌ (၂၄-၇-၂၀၁၇) ရက်နေ့တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁၇) လုံးအတွက် ကယ်ဆယ်ရေပစ္စည်း (၁၀) မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ လူဦးရေ (၁၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၄၁,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၆၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂,၂၀၁,၅၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ အေးကျွန်းကျေးရွာ၌ မြစ်ရေဝင်ရောက်မှုကြောင့် သစ်ပင်ပြိုလဲ၍ အိမ်ပျက်စီးသည့် ရေဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၇,၃၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၂၂၇,၃၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁-၇-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အိမ်လဟာကျေးရွာအုပ်စု၊ အိမ်လဟာကျေးရွာ၌ ရေဘေးသင့် မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည် (၉) မျိုး၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်အားလည်းကောင်း၊ (၂၁-၇-၂၀၁၇) ရက်နေ့တွင် တာရိုးကြိုးပေါက်၍ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် လူဦးရေ (၆၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၁,၃၁၀,၄၀၀) … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင် သောအဖွဲ့ အာဆီယံဒေသတွင်းသဘာဝဘေးပြန်လည်ထူထောင်ရေးဖိုရမ် (ASEAN Recovery Forum) သို့တက်ရောက်မှုသတင်း
၁။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့ထိ ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်းသဘာဝဘေးပြန်လည်ထူထောင်ရေးဖိုရမ် (ASEAN Recovery Forum) သို့တက်ရောက်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုအာကောင်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရပါ သည်။ ၂။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဌ အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဒေသ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေးချောင်းရပ်ကွက် (၁) လမ်း၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း (၃၃၁,၅၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ စုကလိမြို့များတွင် သဘာဝဘေးဖြစ်ပါက အသုံးပြုရန်အတွက် ချိန်းဆော (၄) လက်အား လွှဲပြောင်းပေးအပ်မှုသတင်း
မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့၊ စုကလိမြို့များတွင် သဘာဝဘေးဖြစ်ပါက အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်အတွင်း လှူဒါန်း ခဲ့သော ချိန်းဆော (၄) လက်အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ (၂၆-၇-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေ/အုပ်ရုံး၌ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်မှ ကြီးကြပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုမှ လက်ခံရယူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၇) ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ညောင်ငုတ္တိုကျေးရွာနေ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ၊ မီးဘေးအန္တရာယ်များ၊ မိုးရာသီ ကာလဖြစ်၍ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျောက်တော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း
(၂၄-၇-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်အတွင်း ရုတ်တရတ်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် လုံးဝပျက်စီး(သွပ်မိုး/ဝါးကာ) (၁၃) လုံး ၊ (သွပ်မိုး/ပျဉ်ကာ) (၄) လုံး၊ (ဓနိမိုး/ထရံကာ) (၁) လုံး စုစုပေါင်းလုံးဝပျက်စီးနေအိမ် (၁၈) လုံးနှင့် အမိုးလန်ပျက်စီး (သွပ်မိုး/ဝါးကာ) (၁၆) လုံး၊ (သွပ်မိုး/ပျဉ်ကာ) (၂) လုံး စုစုပေါင်းအမိုးလန်ပျက်စီး နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၈) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၈) အိမ်ထောင်စာတို့အား မြောက်ဦးခရိုင်ဦးစီးမှူးရုံး … Read more
-
မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၄-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာ၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (သွပ်မိုး၊ ထရံကာ) လူနေအိမ် (၁၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ထရံကာ) လူနေအိမ် (၁၁) လုံးမှ အိမ်ထောင်စု (၃၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၈၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ … Read more









