ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁-၇-၂၀၁၇) ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အိမ်လဟာကျေးရွာအုပ်စု၊ အိမ်လဟာကျေးရွာ၌ ရေဘေးသင့် မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည် (၉) မျိုး၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်အားလည်းကောင်း၊ (၂၁-၇-၂၀၁၇) ရက်နေ့တွင် တာရိုးကြိုးပေါက်၍ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် လူဦးရေ (၆၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၁,၃၁၀,၄၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:             ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events