Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၈-၂၀၁၇)နေ့ တွင်ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစနစ်၊သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များရှင်း လင်းဟောပြောခဲ့ဲပြီးစုစုပေါင်း (၈၅) ဦး တက်ရောက်ကြောင်းသတင်းရရှိပါသည်။Source: ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး (ကဆရ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၇ခုနှစ်၊ သြဂုတ်လ(၁၁)ရက်၊ (၁၃:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးုခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅)ပေခန့်တွင် ရောက်ရှိနေပါတယ်…..အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါတယ်…. အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၆)ရက်နှင့်(၂၀-၁-၂၀၁၆)ရက်တို့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီတောင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမူကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု (၁၄)စုမှ လူဦးရေ(၇၈)ဦးတို့အတွက် family kit (၂၂)မျိုးပါ (၁၄)ပုံး၊ အိမ်ထောင်စု (၁၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်စုလျှင် (၁)သိန်းနှုန်းဖြင့် ကျပ်(၁၄)သိန်း၊ လူဦးရေ(၇၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၇၀၂၀၀၀/-)၊ စုစုပေါင်း(၂၁၀၂၀၀၀/-) တို့အား (၁၀-၈-၂၀၁၇)ရက်တွင် ပလက်ဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သွားရောက်ထောက်ပံ့လွှဲပြောင်းပေးခဲ ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
အင်္ဂပူမြို့နယ်တွင်း ကမ်းပြိုဘေးသင့်အိမ်ထောင်စုများကွင်းဆင်းထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘတ်အုပ်စု၊ သာယာကုန်းရွာ၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းရွာ၊ ရွှေပြည်သာရွာ၊ ကျွန်းကြီးရွာ၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးရွာ၊ နံကပ်ပြင်စုရွာ၊ လန်တာရွာတို့တွင် (၃၀.၇.၂၀၁၇) မှ (၆.၈.၂၀၁၇) နေ့ထိ ကမ်းပြိုဘေးသင့် အိမ်ခြေ (၉၁) လုံး၊ အိမ်ထောင်စု (၉၁) စု၊ လူဦးရေ (၃၂၉) ဦး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း တို့အတွက် – ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၉၁) အိမ်ထောင်စာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ (အ-ထ-က)တွင် ကျောင်းသားကျောင်းသူ (၅၀၀)ဦးအား သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက် ကြောင်းသတင်းရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာစု သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ပြည်သူ လူထု (၂၅၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်အသိပညာများ ဟောပြောပို့ချခြင်း၊ လက်ကမ်းစာ စောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေခြင်းနှင့် DAN Mobile app အကြောင်းဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၈-၂၀၁၇) နေ့တွင် ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာလုပ်သား (၄၂) ဦး ပြန်လည်ရောက်ရှိလာ၍ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ကြိုဆိုခဲ့ပြီး (၄၂) ဦးအနက်မှ (၁၀) ဦးအတွက် ခရီးစရိတ် (၂၀၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၈-၂၀၁၇)နေ့ တွင် ကျုံပျော်မြို့နယ်၊ ကျွဲခေါင်း ကျေးရွာအုပ်စု၊ မယ်ကြက်မအိုင်ကျေးရွာရှိ ပြည်သူလူထု(၂၀၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်အသိပညာများ ဟောပြောပို့ချခြင်း၊ လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးH.E Mr. Jukr Boon-Long နှင့်အဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
၁၀.၈.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon Long နှင့်အဖွဲ့က ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်း၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသော ရေကြီးရေလျှံမှုများအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ယခင်နှစ်ကထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်သွားလိုသည့် မြန်မာနိုင်ငံသား (၇၁)ဦး ပြန်လည်လက်ခံရေးကိစ္စအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ်တွင် မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံသို့ပြန်လိုသူ (၂၄၇)ဦး မှတ်ပုံတင်ထားပါကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ပြန်လာလိုသည့် မြန်မာနိုင်ငံသားများကိစ္စအတွက် ထိုင်းနိုင်ငံ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် ချမ်းအေးသာစံမြို့နယ် (အ.ထ.က-၂) ကျောင်း၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀)ဦးနှင့် (အ.ထ.က-၅) ကျောင်း၌ ကျောင်းသားကျောင်းသူ အင်အား (၂၅၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြကဒ်ပြားများဖြင့် ပညာပေးကစားခြင်း၊ လက်ကမ်းစာစောင် ပိုစတာများဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









