တိုက်ပွဲရှောင်အိမ်ထောင်စုများထောက်ပံမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်‌ရှိသူများသည် (၁၂-၁၂-၂၀၁၆)ရက်နှင့်(၂၀-၁-၂၀၁၆)ရက်တို့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီတောင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမူကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု (၁၄)စုမှ လူဦးရေ(၇၈)ဦးတို့အတွက် family kit (၂၂)မျိုးပါ (၁၄)ပုံး၊ အိမ်ထောင်စု (၁၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်စုလျှင် (၁)သိန်းနှုန်းဖြင့် ကျပ်(၁၄)သိန်း၊ လူဦးရေ(၇၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာဖိုး (၇၀၂၀၀၀/-)၊ စုစုပေါင်း(၂၁၀၂၀၀၀/-) တို့အား (၁၀-၈-၂၀၁၇)ရက်တွင် ပလက်ဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သွားရောက်ထောက်ပံ့လွှဲပြောင်းပေးခဲ ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events