လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၇)နေ့တွင် ချမ်းအေးသာစံမြို့နယ် (အ.ထ.က-၂) ကျောင်း၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀)ဦးနှင့် (အ.ထ.က-၅) ကျောင်း၌ ကျောင်းသားကျောင်းသူ အင်အား (၂၅၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြကဒ်ပြားများဖြင့် ပညာပေးကစားခြင်း၊ လက်ကမ်းစာစောင် ပိုစတာများဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)