လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘတ်အုပ်စု၊ သာယာကုန်းရွာ၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းရွာ၊ ရွှေပြည်သာရွာ၊ ကျွန်းကြီးရွာ၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးရွာ၊ နံကပ်ပြင်စုရွာ၊ လန်တာရွာတို့တွင် (၃၀.၇.၂၀၁၇) မှ (၆.၈.၂၀၁၇) နေ့ထိ ကမ်းပြိုဘေးသင့် အိမ်ခြေ (၉၁) လုံး၊ အိမ်ထောင်စု (၉၁) စု၊ လူဦးရေ (၃၂၉) ဦး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း တို့အတွက် – ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၉၁) အိမ်ထောင်စာ – အိမ်ဆောက်ပစ္စည်းဖိုး (၉၁၀၀၀၀၀) ကျပ် – ဆန်ရိက္ခာဖိုး (၆၉၀၉၀၀) ကျပ် – ဘုန်းကြီးကျောင်း (၂ )ကျောင်းထောက်ပံငွေ (၂၀၀၀၀၀) ကျပ် – စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၉၉၀၉၀၀) ကျပ်တို့ကို ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)