မြစ်ရေကြီးခြင်းသတိပေးချက်

1 2

၂၀၁၇ခုနှစ်၊ သြဂုတ်လ(၁၁)ရက်၊ (၁၃:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးုခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅)ပေခန့်တွင် ရောက်ရှိနေပါတယ်…..အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါတယ်…. အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events