Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊အမှတ် (၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပေးအပ်ခြင်းနှင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၆၆) စုမှ လူဦးရေ (၇၄၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၆၆) အိမ်ထောင်စာအား ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး (၁၄-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ)နှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) တို့မှ တာဝန်ရှိသူများသည် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၇၄၆) ဦးအတွက် … Read more
-
ရေဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၈.၂၀၁၇)နေ့တွင် ကသာမြို့ပေါ် ရပ်ကွက် (၁၀)ရှိ ရေဝင်ရောက်သည့်နေရာများသို့ ရေဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်း ရရှိပါသည်။Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်တွင်းမြစ်ရေတိုးမှုကြောင့် ခန္တီးမြို့နယ်အတွင်းရှိပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ချင်တွင်းမြစ်ရေတိုးမှုကြောင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ရေလွတ်ရာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၄၀၂) စု လူဦးရေ (၁၈၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၈၃၆၇၀၀ိ/-) ကို (၁၄-၈-၂၀၁၇) နေ့တွင် ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့် အတူသက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် (၁၂.၈.၂၀၁၇) ရက်နေ့၌ နေအိမ်များသို့ မြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော အိမ်ထောင်စု (၂၆) စု လူဦးရေ (၁၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇) ရက်စာဖိုး ငွေ(၂၈၃၅၀၀) ကျပ်တို့ကို (၁၄.၈.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Luthern World Federation (LWF) ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဖျာပုံခရိုင်၊ ဒေးဒရဲမြိို့နယ် ၊ အုန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အင်အား (၁၅၀) ကျော်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ရာသီအလိုက်ဖြစ််ပေါ်လာနိုင်သော ဘေးအန္တရာယ်များအား သိရှိပြီး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရေး အလေးထားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဝေငှပေးခဲ့ကာ DAN and KOBO Application များအကြောင်း … Read more
-
ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့ ရပ်ကွက်(၁၀) နယ်မြေ (၁) တောရကျောင်းလမ်း တောရဘုန်းတော်ကြီးကျောင်းအတွင်း ဂေါပကဦးအိုက်ကျံ နေထိုင်သော အိပ်ဆောင်တွင် (၁၃-၈-၂၀၁၇) ရက်နေ့ (၁၀:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့လှူဒါန်း ငွေ (၁၀၀,၀၀၀) တိတိအား (၁၄-၈-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)









