လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ချင်တွင်းမြစ်ရေတိုးမှုကြောင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ရေလွတ်ရာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၄၀၂) စု လူဦးရေ (၁၈၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၈၃၆၇၀၀ိ/-) ကို (၁၄-၈-၂၀၁၇) နေ့တွင် ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့နှင့် အတူသက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)