မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

15 Pic 01

မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာရှိ နှစ်ချင်းဘုရားကျောင်းနှင့် စိန်ပေါလုကက်သလစ်ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၆၆) စုမှ လူဦးရေ (၇၄၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၆၆) အိမ်ထောင်စာအား ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး (၁၄-၈-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ)နှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) တို့မှ တာဝန်ရှိသူများသည် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၇၄၆) ဦးအတွက် စုစုပေါင်းဆန်ရိက္ခာဖိုးငွေ (၁၅၆၆၆၀၀) ကျပ်တိတိအား ထပ်မံ၍ သွားရောက်ထောက်ပ့ံပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events