ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် (၁၂.၈.၂၀၁၇) ရက်နေ့၌ နေအိမ်များသို့ မြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော အိမ်ထောင်စု (၂၆) စု လူဦးရေ (၁၃၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၆) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇) ရက်စာဖိုး ငွေ(၂၈၃၅၀၀) ကျပ်တို့ကို (၁၄.၈.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events