ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

15_pic01

15_pic02
(၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Luthern World Federation (LWF) ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဖျာပုံခရိုင်၊ ဒေးဒရဲမြိို့နယ် ၊ အုန်းပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အင်အား (၁၅၀) ကျော်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက ရာသီအလိုက်ဖြစ််ပေါ်လာနိုင်သော ဘေးအန္တရာယ်များအား သိရှိပြီး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရေး အလေးထားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဝေငှပေးခဲ့ကာ DAN and KOBO Application များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events