Category Archives: News
-
ဆူနာမီ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှငAction Aid Myanmar ဖျာပုံအဖွဲနှင့် ပူးပေါင်း၍ ဆူနာမီ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအား ဖျာပုံမြို့နယ် ဒေးဒလူ ကျေးရွာအုပ်စု မင်္ဂလာသောင်တန်း ကျေးရွာ၌ပြုလုပ်ကျင်းပခဲ့ရာ အင်အား ၃၅၀ကျော်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး ယင်းကျေးရွာသည် မုတ္တမပင်လယ်ကွေ့ ပင်လယ်ကမ်းစပ်ဒေသဖြစ်ပြီး ရာသီ မရွေးဘေးအန္တရာယ် များကြုံတွေ့နိုင်သဖြင့် ကျောင်းအခြေပြု နှင့် ရပ်ရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးအဖွဲများ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်ရေး တုံ့ပြန်ဆောင်ရွက်ရေး နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများလက်တွေ့လုပ်ကိုင်ဆောင်ရွက်တတ်စေရေးလေ့ကျင့်ဆောင်ရွက်ပေးခဲ့ပါသည်။ထိုပြင်သဘာဝဘေးအန္တရာယ်ဆိုင်ကြိုတင်သတိပေးချက် DAN and Kobo App အကြောင်း လင်းရှင်းလင်းဆွေးနွေးပေးခဲ့ပြီးလက်ကမ်းစာစောင်နှင့်ပိုစတာများလည်းဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
ပြည်နယ်အဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအ လုပ်ရုံဆွေးနွေးပွဲကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်UN HABITAT တို့ ပူးပေါင်းကျင်းပ သောပြည်နယ် အဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုတောင်ကြီးမြို့ Royal Taunggyi ဟိုတယ်တွင်၁၄-၈-၂၀၁၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း UNHABITATမှ အမှာစကားပြောကြားခြင်း ဒုညွှန်ချုပ် ဦးဝင်းထွဋ်ဦးနှင့် ရှမ်းပြည်နယ်ဦးစီးမှူးဦးစိုးနိုင်တို့မှ ဦးဆောင်ဟောပြောဆွေးနွေးခြင်း အဖွဲ့လိုက်ဆွေး နွေးခြင်းနှင့်အပြန်အလှန်သုံးသပ် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ ခရိုင်ထွေအုပ်များမှကိုယ် စားလှယ်များ UN နှင့်INGOများစုစုပေါင်း (၅၁) ဦးတက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၁၁.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၂ဝဝဝဝဝိ/-)နှင့် လူဦးရေ (၅၃)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၁၁၃ဝဝိ/-)၊စုစုပေါင်း ရန်ပုံငွေ (၁၃၁၁၃ဝဝိ/-)(ကျပ်တစ်ဆယ့်သုံးသိန်းတစ်သောင်းတစ်ထောင့်သုံးရာတိတိ) အား (၁၅.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီ်မြစ်ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့ပေါ် (၄)ရပ်ကွက်ခွန်သာ. ပေါက်ကုန်း. ညောင်ပင်ရပ်. မင်းကျောင်းကုန်း. များတွင်ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ခေတ္တယာယီပြောင်းရွှေ့သော အိမ်ထောင်စု(၁၃၈) လူဦးရေ(၅၈၇)နှင့် ရွှေကူမြို့နယ်ရှိ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ ခေတ္တယာယီပြောင်းရွှေ့ အိမ်ထောင်စု(၄၄)စု လူဦးရေ(၂၂၇) စုစုပေါင်းအိမ်ထောင်စု(၁၈၂)လူဦးရေ(၈၁၄)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးထောက်ပံ့ပေး အပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source:ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြစ်ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် (၁၂.၈.၂၀၁၇)ရက်နေ့၌ နေအိမ်များသို့ မြစ်ရေဝင်ရောက်မှု ကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသော အိမ်ထောင်စု(၁၅)စု လူဦးရေ(၇၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၈)မျိုး (၁၅)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၆၅၉၀၀) ကျပ်တို့ ကို (၁၅.၈.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်း ရရှိပါသည်။Source:ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရပ်ဘက်လူမှု့အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ယနေ့ (၁၅.၈.၂၀၁၇) နေ့တွင် ဗြဟ္မစိုရ်အသင်း ၃ ထပ်ဆောင်၌ ကျင်းပသော သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နယ်မြေဒေသအလိုက် ပရဟိတအသင်းများကိုယ်စား ပရဟိတအသင်း (၂၃) သင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေး၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနအနေဖြင့် ပြည်သူ အသိပညာပေးရေးနှင့် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင် ပရဟိတ … Read more
-
ချင်းတွင်းမြစ်ရေတိုးမှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့ မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ (၁၄-၈-၂၀၁၇) နေ့ရက်တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၄၇) စု လူဦးရေ (၆၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ( ၁၄၁၃၃၀၀ိ/-)တို့အားလည်းကောင်း ရွှေပြည်သာကျေးရွာတွင် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ဖျက်သိမ်းအိမ် ၁ လုံးအတွက် (family kits) တစ်ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) တို့အားလည်းကောင်း( ၁၅-၈-၂၀၁၇ )နေ့တွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။Source: … Read more
-
မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ် မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၂း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ် မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဖြတ်မြို့၊ နန့်လန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၁၅) နာရီအချိန်တွင် မိုင်းဖြတ်မြို့၊ နန့်လန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ)









