ချင်းတွင်းမြစ်ရေတိုးမှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့ မှုသတင်း

15Pic-03လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ (၁၄-၈-၂၀၁၇) နေ့ရက်တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၄၇) စု လူဦးရေ (၆၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ( ၁၄၁၃၃၀၀ိ/-)တို့အားလည်းကောင်း ရွှေပြည်သာကျေးရွာတွင် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ဖျက်သိမ်းအိမ် ၁ လုံးအတွက် (family kits) တစ်ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) တို့အားလည်းကောင်း( ၁၅-၈-၂၀၁၇ )နေ့တွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events