ဧရာဝတီ်မြစ်ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဗန်းမော်မြို့ပေါ် (၄)ရပ်ကွက်ခွန်သာ. ပေါက်ကုန်း. ညောင်ပင်ရပ်. မင်းကျောင်းကုန်း. များတွင်ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ခေတ္တယာယီပြောင်းရွှေ့သော အိမ်ထောင်စု(၁၃၈) လူဦးရေ(၅၈၇)နှင့် ရွှေကူမြို့နယ်ရှိ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ ခေတ္တယာယီပြောင်းရွှေ့ အိမ်ထောင်စု(၄၄)စု လူဦးရေ(၂၂၇) စုစုပေါင်းအိမ်ထောင်စု(၁၈၂)လူဦးရေ(၈၁၄)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးထောက်ပံ့ပေး အပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source:ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events