ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၌ (၁၁.၈.၂ဝ၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၂ဝဝဝဝဝိ/-)နှင့် လူဦးရေ (၅၃)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၁၁၃ဝဝိ/-)၊စုစုပေါင်း ရန်ပုံငွေ (၁၃၁၁၃ဝဝိ/-)(ကျပ်တစ်ဆယ့်သုံးသိန်းတစ်သောင်းတစ်ထောင့်သုံးရာတိတိ) အား (၁၅.၈.၂ဝ၁၇)ရက်နေ့တွင် မအူပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events