သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

15Pic-01လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီ်းဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရပ်ဘက်လူမှု့အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စဉ်ဆက်မပြတ် လက်တွဲဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် ယနေ့ (၁၅.၈.၂၀၁၇) နေ့တွင် ဗြဟ္မစိုရ်အသင်း ၃ ထပ်ဆောင်၌ ကျင်းပသော သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(မန္တလေး)အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နယ်မြေဒေသအလိုက် ပရဟိတအသင်းများကိုယ်စား ပရဟိတအသင်း (၂၃) သင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေး၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနအနေဖြင့် ပြည်သူ အသိပညာပေးရေးနှင့် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင် ပရဟိတ ကွန်ယက်အသင်းများနှင့် ရှေ့ဆက်လက်ပြီးပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည်များကို ဆွေးနွေး ခဲ့ကြပြီး ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ သဘာဝဘေး (၅)မျိုး ဗီနိုင်းပိုစတာ များကို မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးကိုယ်စား ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆွဲပညာပေးနိုင်ရန် အသင်း အဖွဲ့ (၂၃) ဖွဲ့သို့ ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events