Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးနေအိမ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ် (၁,၀၄၈) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့ပျက်စီးခဲ့ရပြီး လုံးဝပျက်စီးနေအိမ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်များအနက် လူနေအိမ် (၁,၀၂၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သော လူနေအိမ် (၂၃) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃,၈၈၀,၀၀၀) ကျပ်အား(၁၈-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း … Read more
-
ကမ်းပြိုဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေး မြို့နယ်၊ တောင်ဦးကျေးရွာ၌ (၁၅-၈-၂၀၁၇) ရက်နေ့တွင် မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့သည် နေအိမ်အား ကြိုတင်ဖျက်သိမ်းကာ နီးစပ်ရာ ဆွေမျိုးများထံသို့ ရွှေ့ပြောင်းခဲ့ကြပါ သည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) နေ့တွင် အ-လ-က (၂၇) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၀၀ ခန့်ကိုလည်းကောင်း၊ (၁၆-၈-၂၀၁၇) နေ့တွင် အ-ထ-က (၂၂) နှင့် အ-ထ-က (၁၆) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၅၀ ခန့်စီ ဖြင့်လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သရုပ်ပြကဒ်ပြားများဖြင့် ပညာပေးကစားခြင်း၊ လက်ကမ်း စာစောင်ပိုစတာများဝေငှ ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇)နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များအား ဟောပြောခဲ့ပြီးတက်ရောက် (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၇)နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များအား ဟောပြောခဲ့ပြီးတက်ရောက် (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၈-၂၀၁၇)ရက်နေ့ တွင် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ချောင်းသုံးခွကျေးရွာအုပ်စုမှ ကျေးရွာသူ/သား (၁၀၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်း၊ ဆပ်ပြာမှုန့်ထုပ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၈-၂၀၁၇)ရက်နေ့တွင် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ ညောင်ပင်သာရွာ၊ ရေကြီးရေလျှံစုဝေးစခန်း (flood shelter ) ၌ ကျေးရွာသူ/သား (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟော ပြောခြင်း၊လက်ကမ်းစာဆောင်များဝေငှပေးခြင်း၊ ခေါက်ဆွဲထုပ်များပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုးကောင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၃း၃၅) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ မော်ဟန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာအား ဘေးသင့်မိသားစုထံသို့ (၁၆-၈-၂၀၁၇) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)









