လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) နေ့တွင် အ-လ-က (၂၇) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၀၀ ခန့်ကိုလည်းကောင်း၊ (၁၆-၈-၂၀၁၇) နေ့တွင် အ-ထ-က (၂၂) နှင့် အ-ထ-က (၁၆) ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသားကျောင်းသူ အင်အား ၂၅၀ ခန့်စီ ဖြင့်လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ သရုပ်ပြကဒ်ပြားများဖြင့် ပညာပေးကစားခြင်း၊ လက်ကမ်း စာစောင်ပိုစတာများဝေငှ ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)