ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၈-၂၀၁၇)ရက်နေ့တွင် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ ညောင်ပင်သာရွာ၊ ရေကြီးရေလျှံစုဝေးစခန်း (flood shelter ) ၌ ကျေးရွာသူ/သား (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟော ပြောခြင်း၊လက်ကမ်းစာဆောင်များဝေငှပေးခြင်း၊ ခေါက်ဆွဲထုပ်များပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)