ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေး မြို့နယ်၊ တောင်ဦးကျေးရွာ၌ (၁၅-၈-၂၀၁၇) ရက်နေ့တွင် မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့သည် နေအိမ်အား ကြိုတင်ဖျက်သိမ်းကာ နီးစပ်ရာ ဆွေမျိုးများထံသို့ ရွှေ့ပြောင်းခဲ့ကြပါ သည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)