ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးနေအိမ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ် (၁,၀၄၈) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့ပျက်စီးခဲ့ရပြီး လုံးဝပျက်စီးနေအိမ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်များအနက် လူနေအိမ် (၁,၀၂၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သော လူနေအိမ် (၂၃) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃,၈၈၀,၀၀၀) ကျပ်အား(၁၈-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events