Category Archives: News
-
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း၌ ဆွေးနွေးပို့ချမှုသတင်း
(၂၃-၈-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များပါဝင်သော သင်တန်းသား (၃၅) ဦးတက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ ပူးပေါင်းပါဝင်ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးရှောင်စခန်းများတွင် ယာယီခိုလှုံလျှက်ရှိသော အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးနှင့် မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိုးတို့မှ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခခံစားကြရသော ဘေးသင့်ပြည်သူများ အတွက် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရေဘေးခိုလှုံရေး စခန်း(၅)ခု ရှိ ရေဘေးသင့်ပြည်သူ (၂၁၇၇)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄,၅၇၁,၇၀၀ိ/-)ကိုရေဘေး သင့်ပြည်သူများကိုယ်စား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ပခုက္ကူမြို့နယ်၊ ဥယျာဉ်ကျေးရွာရေဘေး ခိုလှုံရေးစခန်းရှိ ရှားပင်ကျေးရွာ၊ နုံးပိုကျေးရွာနှင့် သဖန်းပင်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူ (၁၀၄၁)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂,၁၈၆,၁၀၀ိ/-)ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ တိုင်းဒေသကြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) နေ့တွင် မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် သဘာဝဘေးလျော့ပားရေအသိပညာပေးဟော ကျင်းပပြုလုပ်ခဲ့ပြီး ကျေးရွာပြည်လူဦးရေ (၉၈)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စဉ့်ကူးမြိုနယ်၊ သပိတ်ကျင်းမြို့နယ်များသို့ ရေဘေးရှောင်စခန်း များတွင် ယာယီခိုလှုံလျှက်ရှိသော အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဦးဆောင်ကြီးကြပ်မှုဖြင့်လိုက်ပါလျှက် (၁၉.၈.၂၀၁၇) ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးရှောင်စခန်းများတွင် ယာယီခိုလှုံလျှက်ရှိသော စဉ့်ကူးမြိုနယ်၊ သပိတ်ကျင်း မြို့နယ် များသို့ (၂၃.၈.၂၀၁၇) နေ့တွင် ကွင်းဆင်းလျှက် လိုအပ်သည့် ထောက်ပံ့ဖြည့် ဆည်းပေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန အနေဖြင့် စဉ့်ကူးမြို့ နယ်တွင်ရေဘေးကြောင့် ရွေ့ပြောင်းသူ (၂၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၅၃၅၅၀၀/) ကျပ်၊ သပိတ်ကျင်းမြို့ရေဘေးကြောင့်ရွေ့ပြောင်းသူ (၁၇၀၇) ဦးအတွက် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၇/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တန်းမြို့ ၊သာသနာ့ဗိမာန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအမှတ်စဉ်(၇/၂၀၁၇) အား ကျောက်တန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များ ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းသင်တန်းသား/သူ (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာမှ ပြည်သူလူထု(၂၀၀) ဦးခန့်တို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာ၊ ဗဟုသုတများအား မျှဝေပေးခဲ့ ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ ခရိုင်အတွင်း အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ခွေတောက်ချောင်းအုပ်စုတို့မှ သဒ္ဓမ္မကျွန်းရွာ၊ ရွှေပြည်သာရွာနှင့် နံကပ် ကျေးရွာတို့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် ဘေးသင့်အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၅၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရက္ခာဖိုးငွေ (၁၁၁,၃၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀) ကျပ်၊ တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more









